Header Ads

Seo Services

RHF Professional League Season 1 Announcement



RHF Professional League အမှတ်ပေးပြိုင်ပွဲကို မကြာမီအချိန်တွင် ကျင်းပပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ် ။ အဆိုပါအမှတ်ပေးပြိုင်ပွဲကို RHF Diamonds Challange Cup Season 2&3 မှ Top 4 အဆင့်ရရှိထားသော အသင်းများအား ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ဆုကြေးများအနေဖြင့်
Champion - 70000 MMK + ဆုဖလား + ဆုတံဆိပ်
Half Season Champion - 30000 MMK
Runner Up - 30000 MMK
Best Tank Player - 1000 Diamonds
Best MVP Player - 1000 Diamonds
KDA × 200 MMK/Per Team For All Match
တို့ကိုပေးအပ်သွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်
မြန်မာနိုင်ငံအတွင်းရှိ Mobile Legend Team များအတွက် ပြိုင်ပွဲအတွေ့အကြုံများရရှိစေရန်နှင့် Team များတည်မြဲစေရန်အတွက် ကျွန်ုပ်တို့ RHF Gaming မှ ပြိုင်ပွဲများ ကိုစဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးနေခြင်းဖြစ်ပါသည်။ ယခုကျင်းပမည့် League အမှတ်ပေးပွဲစဉ်တွင်လည်း ကျွန်ုပ်တို့ဘက်မှ တတ်နိုင်သော ဆုကြေးပမာဏဖြင့် မတည်ကျင်းပပေးခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများထံမှ ဝင်ကြေးတစ်စုံတစ်ရာ ကောက်ခံခြင်း မပြုလုပ်ပါ။
  Mobile Legend Player များအကျိုးအတွက် ပေါ်ထွက်လာမည့်အမှတ်ပေးပြိုင်ပွဲတွင် ကစားခွင့်ရရှိထားသော Team များအနေနှင့်လည်း ဆုကြေးပမာဏနည်းသည်များသည်ကို မကြည့်စေလိုပဲ ကျွန်ုပ်တို့ကဲ့သို့  Mobile Legend Teamများအတွက် အတွက်အထောက်အကူပြုစေသော Page တစ်ခု ရေရှည်ရပ်တည်နိုင်ရန်နှင့် ကျွန်ုပ်တို့နှင့်အတူ Mobile Legend Team ကောင်းများ ပေါ်ထွက်လာနိုင်စေရန် ကူညီနေသည်ဟုသဘောထား၍ ယှဉ်ပြိုင်ကစားပေးကြပါရန် လေးစားစွာမေတ္တာရပ်ခံပါသည်။
ပြိုင်ပွဲကျင်းပမည့်ပုံစံ
ပြိုင်ပွဲဝင်အသင်းများကို ပတ်လည် BO2  စနစ်ဖြင့် ပထမအကျော့ ဒုတိယအကျော့ ယှဉ်ပြိုင်စေမည်ဖြစ်ပြီး နှစ်ကျော့ပေါင်း အမှတ်အများဆုံးရရှိသော Team ကို Winner အဖြစ်သတ်မှတ်မည်ဖြစ်ပါသည်။ ပွဲစဉ်များအားလုံးကစားအပြီးတွင်အမှတ်အနည်းဆုံးရရှိသော အသင်း ၃ သင်းသည် RHF Diamonds Challange သို့ တန်းဆင်းဝင်ရောက် ကစားရမည်ဖြစ်ပါသည်။  Diamonds Challange တွင် အဆင့် 1,2,3 ရရှိသောအသင်း ၃ သင်းသည် အမှတ်ပေးပြိုင်ပွဲသို့ တန်းတတ်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါသည်။
ပိုင်ပွဲအမှတ်ပေးပုံစံနှင့်စည်းကမ်းချက်မျာ
(1)
ုပွဲစဉ်တစ်ခုတွင် နှစ်ဖက်အသင်းများသည် ၂ ပွဲကစားရမည်ဖြစ်ပြီး၂ အနိုင်ရရှိသောအသင်းသည် ၃ မှတ်ရရှိမည်ဖြစ်ပြီး ၁ ပွဲအနိုင်ရရှိပါက ၁ မှတ်ရရှိမည်ဖြစ်သည်။
(2)
ပြိုင်ပွဲဝင်အသင်းများရှိ Leader များသည် ပွဲယှဉ်ပြိုင်ရမည့်အချိန်နှင့်ရက်ကို ဂရုပြုရမည်ဖြစ်ပြီး Ingame စည်းကမ်းများကို နားလည်ပြီးဖြစ်ရမည်။
(3)
ပြိုင်ပွဲဝင်အသင်းများသည် မည်သည့်ကိစ္စနှင့်မျှ League ပွဲစဉ်များယှဉ်ပြိုင်ရန် ပျက်ကွက်ခြင်းမရှိစေရပဲ အရေးပေါ်ကိစ္စရပ်များအတွက် ပြိုင်ပွဲတာဝန်ရှိသူနှင့် နှစ်ဖက်အသင်းတာဝန်ရှိသူများညှိနှိုင်းကာ ပွဲချိန်ကို ပြောင်းရွှေ့ခွင့်တောင်းခံရမည်။
(4)
့ပြိုင်ပွဲအတွင်း Squad တစ်ခုလျှင် Player 9 ယောက်သုံးစွဲခွင့်ပြုမည်ဖြစ်ပြီး တစ်ပွဲ (Best Of 2) ပွဲစဉ်တစ်ခုချင်းစီအတွက် Player Line Up 5 ယောက်နှင့် အရံတစ်ယောက်ကို ပွဲမစတင်မီ ၁၂ နာရီအလိုတွင် တင်ပြပေးနိုင်ရမည်။
(5)
ပြိုင်ပွဲ တိုက်ရိုက် Live ထုတ်လွှင့်နေစဉ်အတွင်း ပြိုင်ပွဲဝင်အသင်းတစ်ခုခုမှ Player သော်လည်းကောင်း တာဝန်ရှိသူတစ်ယောက်ယောက်မှသော်လည်းကောင်း အခြားပြိုင်ဘက်အသင်းအား ဂုဏ်သိက္ခာထိခိုက်စေသော အပြုအမူ အရေးအသားများပြုလုပ်ခြင်းမရှိစေရ။
(6)
ရာသီဝက်ပွဲစဉ်များအပြီးတွင် Player အပြောင်းအရွှေ့ကာလအဖြစ် ၇ ရက်သတ်မှတ်ပေးမည်။ အပြောင်းအရွှေ့ရှိပါက ပြိုင်ပွဲ စီစဉ်သူထံသတင်းပေးပို့ရမည်။
(7)
ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာလအတွင်း Sq နာမည်ပြောင်းလိုပါက ၃ ရက်ကြိုတင်အသိပေးရမည်။
(8)
အထက်ပါစည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပါက သင့်လျော်သော်ပြစ်ဒဏ်များကို ချမှတ်ခြင်းခံရမည်။

"RHF Professional League Organizer ၏ လုပ်ပိုင်ခွင့်နှင့်စည်းကမ်းချက်များ"

1. Organizer သည် League ၏ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး အခြားအဖွဲ့အစည်း သို့မဟုတ် အသင်းတစ်ခုခု၏ Player မဖြစ်စေရ။
2. ပြိုင်ပွဲအစမှ အဆုံးထိ ပြိုင်ပွဲကစားရာတွင်အဆင်ပြေစေရန် အတွက် စီစဉ်ပေးနိုင်ရမည်။
3. Live Broadcasting နှင့် ပြိုင်ပွဲပွဲစဉ်ဇယားများရေးဆွဲရမည်ဖြစ်ပြီး ပြိုင်ပွဲမှတ်တမ်းများ ကို သိမ်းဆည်းရမည်။
5. ပြိုင်ပွဲအတွင်း အငြင်းပွားဖွယ်ရာတစ်စုံတစ်ရာဖြစ်ပေါ်ပါက မျှတသော ဖြေရှင်းချက်ဖြင့်ဖြေရှင်းပေးရမည်။
6. လိုအပ်သော စည်းကမ်းချက်အသစ်များကို ထပ်မံဖြည့်စွက်ပိုင်ခွင့်ရှိသည်။
7. League တွင်ယှဉ်ပြိုင်နေသော အသင်းများ၏ ဂုဏ်သိက္ခာကို အထူးလေးစားစောင့်ထိန်းရမည်။
8. ပြိုင်ပွဲတွင်း ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်ပါက Organizer ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

RHF Family Group

No comments