Header Ads

Seo Services

RHF Gaming Mobile Esports Team ၏ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများ


RHF Gaming Mobile Esports Team ၏ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများ


Overview




RHF - Gaming Mobile Esports Team (နောင်တွင် ယင်းအမည်အစား ကျွန်ုပ်တို့ဟု ပြောင်းလဲသုံးစွဲပါမည်) သည် Mobile Game Platform တွင် လက်ရှိရေပမ်းစားနေသော Mobile Legends Bang Bang Game နှင့် PUBG Mobile Game များအတွက် Ingame Item များရောင်းချခြင်း  ၊ ပြိုင်ပွဲကျင်းပခြင်း၊ အဆိုပါ Game များတွင် Team များတည်ထောင်ခြင်းနှင့် အခြားသော ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းတို့ကို ပြုလုပ်နေသော အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။


ကျွန်ုပ်တို့ Team ၏ ရည်ရွယ်ချက် နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့နှင့်လက်တွဲလျက်ရှိသော Sponsor များ / Team Leader များ/ Player များ / Live Broadcasterများ/ Facebook Admin များ / Designer များအားလုံးသည် အောက်ပါအချက်အလက်များအားလုံးကို နားလည်သေချာစွာဖတ်ရှု၍ တိကျစွာလိုက်နာ ဆောင်ရွက်ရမည် ။


ကျွန်ုပ်တို့၏ ရည်မှန်းချက်မူဝါဒများ


မြန်မာနိုင်ငံအတွင်းရှိ Mobile Game Player များအားလုံးအတွက် Ingame Item များကို ချိုသာသောဈေးနှုန်းဖြင့် ယုံကြည်စိတ်ချစွာ ရောင်းချသော ဝန်ဆောင်မှုပေးနိင် ရမည်။





မြန်မာနိုင်ငံအတွင်းရှိ Mobile Game Player များအတွက် ပျော်ရွှင်ပွဲများ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် Myanmar Esport တိုးတတ်စေရေးအတွက် တစ်စိတ်တစ်ဒေသအဖြစ် ကူညီပေးနိုင်ရမည်။





RHF Gaming Esports Club များအနေနှင့် Local အဆင့်အောင်မြင်မှုများကို ရယူပိုင်ဆိုင်နေရမည်။





RHF Gaming နှင့်ယုံကြည်စွာလက်တွဲဆောင်ရွက်ကူညီလုပ်ကိုင်နေကျသော မိသားစုဝင် Sponsor / Organizer / Caster / Designer / Leaders / Player များအားလုံး၏ စည်းလုံးချစ်ခင်မှုကို ထာဝရတိုင် ထိန်းသိမ်းနိုင်ရမည်။




RHF Gaming သမိုင်းကြောင်း


RHF Gaming Esport Team အား 6.4.2018 ခုနှစ်တွင် RHF Family Group ၏ ပထမဆုံး Mobile Legends Squad အဖြစ် Red Hot Family (RHF) အဖြစ်စတင် တည်ထောင်ခဲ့သည်။ စတင်ထည်ထောင်စဉ် Team Leader အဖြစ် Hmwe Ei Thwe မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး Co.Leader အဖြစ် Aung Thuya Kyaw တို့မှ ဆောင်ရွက်ခဲ့ကျသည်။


ထို့နောက်တွင်Anonymous Boys (AB) Squad အား Main Sponsor အဖြစ်လက်တွဲဆောင်ရွက်ကူညီခဲ့ပြီး မကြာမီ Anonymous Boys Squad အား RHF Family ၏ မိသားစုဝင် Squadအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ပြီး RHF - Royal Squad အဖြစ် အမည်ပေးခဲ့သည်။


2018 ခုနှစ်အတွင်းမှပင် RHF Regeneration / RHF All Star /RHF Pro Teamနှင့် RHF New Star Squad များကို ဆက်လက်တည်ထောင်၍ Player 40 ကျော်အထိဝင်ရောက်ကစားနိင်သော Team တစ်ခုအဖြစ် တည်ဆောက်နိုင်ခဲ့သည်။

2018ခုနှစ်တစ်နှစ်တာ၏ အောင်မြင်မှုများမှာ MSC Myanmar Qualifier 16 Team အဆင့်သို့ RHF Royal အသင်းတတ်ရောက်နိုင်ခဲ့ပြီး ထိုစဉ်က RHF Royal အသင်းကို Mananger အဖြစ် Wai Yan Maung Maung မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။RHF Regenaration အသင်းမှာလည်း MLMC Cup Season 1 Winner အဖြစ်အောင်မြင်ခဲ့ပြီး Leader မှာ MG Shwe Phyo ဖြစ်သည်။ RHF Pro Team အနေဖြင့်လည်း Royal Cup Master ပြိုင်ပွဲတွင် Second Runner Upဆုကိုရယူနိုင်ခဲ့သည်။




အသင်းတာဝန်ရှိသူများနှင့်တာဝန်များ

Founder - Aung Myint Myat


No comments